ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေ

Sunday, June 8, 2008

Now is no time to think of what you do not have.
Think of what u can do with what there is.

Tuesday, April 22, 2008

ဘ၀ချမ်းသာရေးလမ်းစဉ်

၁. နေ့စဉ်ကောင်းမှု ကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂. လူဖြစ်လာလျှင် လူ၏တန်ဖိုးသိအောင်ကြိုးစားပါ။
၃. မည်သူတရားပျက်ပျက် သင်မပျက်ပါစေနှင့် သတိထားပါ။
၎. မိမိကိုယ်ကို နေ့စဉ်စစ်ဆေးမှ ကြီးပွားနိုင်သည်။
၅. မာနကို နှိမ့်ချ ၊ လူ၏တန်ဖိုးကို မြှင့်တင်ပါ ၊ တာဝန်ကို ကျေပွန်ပါစေ။
( မှ ....မင်းကွန်းဆရာတော်ဘုရားကြီး)

Saturday, April 19, 2008

အတိတ်ရဲ့ ဝေးရာသို့

ပင်လယ်ထဲခုန်ချသတ်သေသွားတဲ့
နေကာမဟုတ်တဲ့ ငါ့မျက်မှန်လေး … နင်ဘယ်မှာလဲ ?
ကမ်းခြေတစ်ခုရဲ့ လှိုင်းတံပိုးကြားမှာ
မင်းလေးပျော်မြူးနေမလား ?
ပျံ့လွင့်လာတဲ့ ဟိုး … အဝေးက
ခပ်သဲ့သဲ့လှောင်ရီ (ရယ်) သံ အပိုင်းအစတစ်ခု
ပင်လယ်အော်သံနဲ့အတူတူ မီးပုံပွဲမှာဝင်ကဲလို့လေ …။
မီးရှုးတစ်ချို့လည်း ပျံ့ကျဲလို့ …
ဒီလိုအရောင်စုံတဲ့ညမှာ ငါ့ရဲ့လှိုင်းကြက်ခွပ်လေးကတော့
သဲသောင်မှာ ထင်ကျန်ရစ်တဲ့ အမှတ်တရတွေကို
ကြိုးညှိဖို့ကြိုးစားတုန်း .. မျှော်လင့်ချက်တစ်ပွင့်နဲ့ပေါ့ …။
အစိမ်းရင့်ရောင် မျက်မှန်သစ်တစ်လက်နဲ့
ငါ့အာရုံကိုငါ နိဂုံးချုပ်ပစ်ခဲ့တယ်
ဒါဟာ ကံဆိုးမှု selection ထဲက ထူးမခြားနားဆိုတဲ့
ပတ်ပျိုးတစ်ပုဒ်ပဲပေါ့ …။
အခု … ငါ့ရဲ့အဝေး
မင်းဘယ်လိုနေမလဲ ? ငါမသိချင်ဘူး
ငါ့ကိုယ်ငါလည်းနောင်တ မရဘူး
မင်းမရှိလည်း ငါ့မျက်လုံးက ကန်းမသွားဘူး
မင်းမရှိလည်း ငါ့အနာဂတ်မှာ မိုးအုံ့မနေဘူး
ဒီလိုပဲ … ငါ့မရှိလည်း မင်းဘ၀ကသေမသွားလောက်ဘူး
ဒါကြောင့် အတူဆိုဖူးတဲ့တေးသွားတွေကို
အတူစားအတူသွားခဲ့တဲ့ အချိန်တိုလေးတွေကို
ညင်ညင်သာသာ အိပ်ပါစေတော့ … …
စိတ်လိုလက်ရ ပျှော်ရွှင်ခဲ့ချိန်တွေကိုလည်း
မူရင်းအတိုင်းသိမ်းထားလိုက်ပါတော့ … ။
ဒီလိုနဲ့ပဲ …. ….
နောက်ကျတဲ့အသိတစ်ခုကြောင့် … …

အရောင်မဲ့ကောင်းကင်

ချစ်ခင်ရပါသောကောင်းကင်-
မင်းကို ငါ အမှန်တကယ်နှစ်သက်ပါတယ်…. ။
ဘာလို့လဲဆိုတော့
ရောင်စဉ်ခုနှစ်သွယ်ထဲကမှ ငါနှစ်သက်တဲ့အရောင်ကို
ရွေးချယ်ပြီး မင်းဝတ်ဆင်ထားလို့ပေါ့
ငါနှစ်သက်တဲ့ တိမ်ပုဝါပါးလေးကိုလည်း
ကပိုကရို ခြုံလွှမ်းထားသေးတယ်လေ …
အဲဒီအခါမှာ
မင်းဟာ ရိုးရိုလေးနဲ့ အရမ်းကျက်သရေရှိတာပါပဲ။
ညဘက်မှာဆိုရင်လည်း…
မင်းလည်တိုင်ထက်က
ငွေကြယ်ပွင့်ဘယက်ကလေးကို တစ်ခါတစ်လေ
ငါမက်မောဖူးပါရဲ့
မင်းသူငယ်ချင်း မစန္ဒာ
ငါ့ကိုပြုံးပြနှုတ်ဆက်တဲ့အခါ
ကြည်နှုးရိပ်ကလေးတွေ ငါ့ရင်ထဲမှာဖြာလို့ပေါ့…
ချစ်ခင်ရပါသောကောင်းကင် -
မင်းကို ငါအမှန်တကယ်အားကျမိပါတယ် … … ။
ဘာလို့လဲဆိုတော့
မင်းဟာ ငါချစ်တဲ့ သူရိန် စန္ဒာ နဲ့တာရာ
ပြီးတော့ မိုးစက်နဲ့လေညင်း
ပြီးတော့ ငါချစ်တဲ့အရာအားလုံးကို
မင်းရဲ့ အဆင်တန်ဆာအဖြစ် အသုံးပြုခွင့်အပြည့်အ၀ရထားလို့လေ …
တစ်ခါတစ်လေမှာပေါ့
မင်း … အရမ်းစိတ်ဆိုးဒေါသထွက်နေရင်
ကြောက်ဖို့ကောင်းလွန်းတယ်ဆိုတာ သိလား ?
ငါကတော့သိတယ်
မင်းက စိတ်ဆိုးပြီး ၀ုန်းဒိုင်းကြဲလိုက်တိုင်း
တိမ်တွေက လန့်ပြီးအော်ငိုတော့တာပါပဲ့
မိုးရှိုက်သံလည်းဆုံးရော ငါ့မျက်ရည်လည်းပြုန်းရော…
ဒီကနေ့အထိတောင်မှ တိမ်တွေရဲ့ မျက်ရည်မိုးကို
ငါ မချိုးရက်ခဲ့ပါဘူး
အဲဒီလိုပဲ … ဒေါသအရိပ်အတိပြီးတဲ့ ၊ မည်းသည်းနေတဲ့
မင်းမျက်နှာကိုလည်း မမော့ကြည့်ရဲခဲ့ပါဘူး …
နောက်တော့လည်း လေပြည်တွေချော့မြူလိုက်
ငှက်ကလေးတွေက ဖျောင်းဖျလိုက်နဲ့ …
ပျော်ရွှင်နေတဲ့ မင်းမျက်နှာပြည့်ပြည့်လေးကို
ပြန်ရှာတွေ့ခဲ့တယ် ….။
ချစ်ခင်ရပါသောကောင်းကင်…
တကယ်လို့များ
မင်းရဲ့ဆင်မြန်းလက်စ ၀တ်ရုံပြာလေးလွင့်ပါးသွားခဲ့ရင်လည်း
ငါမင်းကို ခင်နေဦးမှာပါ
မင်းဆီမှာ … လှပပြီးအဖိုးထိုက်တန်တဲ့
(ငါအနှစ်သက်ဆုံး) အဆင်တန်ဆာတွေ တစ်ခုမှမရှိပါစေဦး
ငါမင်းကို အစစ်အမှန် ခင်နေဦးမှာပါ
ငါ့ရဲ့ တစ်ခုတည်းသော
အရောင်မဲ့ ကောင်းကင်ကြီးအနေနဲ့ပေါ့ … ။ ။
spread_spectrum

ထာဝရ အမေ

ထမင်းဆီဆမ်း ရွှေလင်ဗန်း နဲ့
အမွှန်းတင်မြှောက်စား
ငယ်စဉ်ကလေးဘ၀ ' အမေ ' ၀ါးလို့ ခွံ့ကျွေး
လများစွာ အမေ့နို့ရည်စက်ပေါင်း အသင်္ချေ
ကျောင်းနေစဉ် မူလတန်းကစ
အလယ်တန်း ၊ အထက်တန်း သို့ နှင်
တစ်ရက်မပျက် အမေ့လက်ရာ
နံနက်စာ ညစာ နှစ်ပေါင်းများစွာကြာ
အမေပေးတဲ့ ပညာအမွေ နာခံကြိုးကုတ် ခြေကုပ်ရပြီး
သီးချိန်တန် သီး ပွင့်ချိန်ရောက်ခဲ့
လက်တွဲဖော်နဲ့ သာယာစိုပြေ
အိမ်ထောင်မြေ၀ယ် ' ရတနာ ' သံယောဇဉ်တိုး
အဲဒီကြိုးတွေကြား လူမှုရေးများစွာ
အနေကြာ ' အမေ ' မြေတစ်ခေါက် မရောက်ခဲ့ဘူး
ကြွေတဲ့မျက်ရည် တမ်းတသည်
ကြည်ဖြူခွင့်လွှတ်စကား ကြိုကြားယောင်နေ
' အမေ့ ' မေတ္တာတွေ….
' အမေ့ ' ကျန်းမာ အသက်ရှည်ပါစေ
ဆုတောင်းဆဲပါ မိသားစုထမင်းပွဲ
ဆုတောင်းဆဲပါ မိသားစုထမင်းပွဲ
လူစုံနွှဲလို့ အဲဒီအချိန်
' အမေ့အပြုံး ' ပီတိဖုံးပြီး
မှန်းကာတမ်းတ လက်အုပ်ချီ
မာတာရှိရာ မွေးရပ်မြေဆီ ။ ။
ညိုမင်းဟန် (အုတ်ဖို)

Wednesday, April 16, 2008

ကြီးပွားလိုလျှင် စိတ်ကိုပြင်

္စိစိတ်ကိုပြင်လိုက်လျှင် စကားကိုပြင်ပြီသား ဖြစ်တယ်။
စိတ်တည်လျှင် စကားတည်ပါတယ်။

Tuesday, April 15, 2008

သူ့ကိုချီးမြောက် ၊ ကိုယ့် ဂုဏ်မြောက်၏
ယွင်းဖောက်အလို ၊ ၀န်မတိုနှင့်
သူ့ကိုဂုဏ်နှိမ့် ၊ကိုယ့် ဂုဏ်နှိမ့်၏
စည်းစိမ်အရာ ၊ သူချမ်းသာ၌
ဣသာမပြု ၊၀မ်းမြောက်ရှုလော့
သူ့ ကိုစောင့်မှ ၊သူကကိုယ့်ကို
ကြည်ညိုမေတ္တာ ၊စောင့်နိုင်ရာ၏ ( မှ...မဃဒေ၀လင်္ကာသစ်)