ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေ

Saturday, April 19, 2008

အတိတ်ရဲ့ ဝေးရာသို့

ပင်လယ်ထဲခုန်ချသတ်သေသွားတဲ့
နေကာမဟုတ်တဲ့ ငါ့မျက်မှန်လေး … နင်ဘယ်မှာလဲ ?
ကမ်းခြေတစ်ခုရဲ့ လှိုင်းတံပိုးကြားမှာ
မင်းလေးပျော်မြူးနေမလား ?
ပျံ့လွင့်လာတဲ့ ဟိုး … အဝေးက
ခပ်သဲ့သဲ့လှောင်ရီ (ရယ်) သံ အပိုင်းအစတစ်ခု
ပင်လယ်အော်သံနဲ့အတူတူ မီးပုံပွဲမှာဝင်ကဲလို့လေ …။
မီးရှုးတစ်ချို့လည်း ပျံ့ကျဲလို့ …
ဒီလိုအရောင်စုံတဲ့ညမှာ ငါ့ရဲ့လှိုင်းကြက်ခွပ်လေးကတော့
သဲသောင်မှာ ထင်ကျန်ရစ်တဲ့ အမှတ်တရတွေကို
ကြိုးညှိဖို့ကြိုးစားတုန်း .. မျှော်လင့်ချက်တစ်ပွင့်နဲ့ပေါ့ …။
အစိမ်းရင့်ရောင် မျက်မှန်သစ်တစ်လက်နဲ့
ငါ့အာရုံကိုငါ နိဂုံးချုပ်ပစ်ခဲ့တယ်
ဒါဟာ ကံဆိုးမှု selection ထဲက ထူးမခြားနားဆိုတဲ့
ပတ်ပျိုးတစ်ပုဒ်ပဲပေါ့ …။
အခု … ငါ့ရဲ့အဝေး
မင်းဘယ်လိုနေမလဲ ? ငါမသိချင်ဘူး
ငါ့ကိုယ်ငါလည်းနောင်တ မရဘူး
မင်းမရှိလည်း ငါ့မျက်လုံးက ကန်းမသွားဘူး
မင်းမရှိလည်း ငါ့အနာဂတ်မှာ မိုးအုံ့မနေဘူး
ဒီလိုပဲ … ငါ့မရှိလည်း မင်းဘ၀ကသေမသွားလောက်ဘူး
ဒါကြောင့် အတူဆိုဖူးတဲ့တေးသွားတွေကို
အတူစားအတူသွားခဲ့တဲ့ အချိန်တိုလေးတွေကို
ညင်ညင်သာသာ အိပ်ပါစေတော့ … …
စိတ်လိုလက်ရ ပျှော်ရွှင်ခဲ့ချိန်တွေကိုလည်း
မူရင်းအတိုင်းသိမ်းထားလိုက်ပါတော့ … ။
ဒီလိုနဲ့ပဲ …. ….
နောက်ကျတဲ့အသိတစ်ခုကြောင့် … …

No comments: