ကျန်းမာချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပါစေ

Saturday, April 19, 2008

ထာဝရ အမေ

ထမင်းဆီဆမ်း ရွှေလင်ဗန်း နဲ့
အမွှန်းတင်မြှောက်စား
ငယ်စဉ်ကလေးဘ၀ ' အမေ ' ၀ါးလို့ ခွံ့ကျွေး
လများစွာ အမေ့နို့ရည်စက်ပေါင်း အသင်္ချေ
ကျောင်းနေစဉ် မူလတန်းကစ
အလယ်တန်း ၊ အထက်တန်း သို့ နှင်
တစ်ရက်မပျက် အမေ့လက်ရာ
နံနက်စာ ညစာ နှစ်ပေါင်းများစွာကြာ
အမေပေးတဲ့ ပညာအမွေ နာခံကြိုးကုတ် ခြေကုပ်ရပြီး
သီးချိန်တန် သီး ပွင့်ချိန်ရောက်ခဲ့
လက်တွဲဖော်နဲ့ သာယာစိုပြေ
အိမ်ထောင်မြေ၀ယ် ' ရတနာ ' သံယောဇဉ်တိုး
အဲဒီကြိုးတွေကြား လူမှုရေးများစွာ
အနေကြာ ' အမေ ' မြေတစ်ခေါက် မရောက်ခဲ့ဘူး
ကြွေတဲ့မျက်ရည် တမ်းတသည်
ကြည်ဖြူခွင့်လွှတ်စကား ကြိုကြားယောင်နေ
' အမေ့ ' မေတ္တာတွေ….
' အမေ့ ' ကျန်းမာ အသက်ရှည်ပါစေ
ဆုတောင်းဆဲပါ မိသားစုထမင်းပွဲ
ဆုတောင်းဆဲပါ မိသားစုထမင်းပွဲ
လူစုံနွှဲလို့ အဲဒီအချိန်
' အမေ့အပြုံး ' ပီတိဖုံးပြီး
မှန်းကာတမ်းတ လက်အုပ်ချီ
မာတာရှိရာ မွေးရပ်မြေဆီ ။ ။
ညိုမင်းဟန် (အုတ်ဖို)

No comments: