အဖေ
သားသမီးတွေရဲ့ကောင်းဆိုးနှစ်တန်ကို ပြေးမကြည့်ဘဲတွေးကြည့်ရုံနဲ့သိနေသူသည်အဖေဖြစ်သည်။
ကိုယ့်ဘ၀အဘယ်မျှနိမ့်ကျနေပါစေ ကိုယ့်သားသမီးကိုအထွက်အထိပ်မှာနေနိုင်ဖို့ကြိုးစားနေသူသည်အဖေဖြစ်သည်။
အဖေဖြစ်ကြည့်လိုက်ပါသားသမီးတွေရဲ့အကြောကိုမပြောဘဲသိနိုင်တဲ့စွမ်းအားရှင်ဖြစ်လာပေလိမ့်မည်။
အဖေသည်ဒေါသကိုရှေ့တန်းတတ်တတ်သူဟုဆိုသော်လည်းသားသမီးကိုရိုက်ဆုံးမဖို့ကြုံသည့်အခါသေချာအောင်ချိန်ဆနေတတ်သည်။
ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ဆုံးမတတ်သောဖခင်ထက်ကိုယ်ကိုယ်တိုင်စံနမူနာပြအဖြစ်
သားသမီးကိုရှေ့ဆောင်သောဖခင်သည်အဖေကောင်းတစ်ယောက်ဖြစ်သည်။
သတ္တလောကတွင်မိသားစုအတွက်သတ္တိအရှိဆုံးလူသည်အဖေမှတစ်ပါးအခြားမရှိ။
အမေကိုမည်မျှပင်အချွဲပိုသည့်သားသမီးဖြစ်ပါစေ၊အဖေ့ရှေ့ရောက်လျှင်ကျိုးနွံသွားကြသည်မှအဖေဟူသောဂုဏ်ကြောင့်ဖြစ်သည်။
အဂါင်္မစုံသည့်သားသမီး ၊ စီးပွားဥစ္စာမပြည့်စုံသည့်သားသမီးကိုဖေးမနှစ်သိမ့် စွမ်းအားမြှင့်ပေးနိုင်သူသည်အဖေဖြစ်သည်။
မိဘနှင့်ဇနီးကိုအချစ်ဆုံးပါဟုပြောလေ့ရှိသောအမျိုးသာသည်မိဘအတွက်လက်ဖက်တစ်ပွဲ၊ဇနီးအတွက်သဘက်တစ်ထည် မပံ့ပိုးနိုင်သော်လည်း သားသမီးကိုတော့ ဆီဦးထောပတ်ကျွေးချင်တတ်ကြသည် ထိုသူသည်တစ်ခြားမဟုတ် အဖေဖြစ်သည်။
မိသားစုအသက်ရှင်ရေးအတွက်အရာရာစွန့်လွတ်ရဲသူသည်အဖေဖြစ်သည်။
အိုနာကျိုးကန်းနေသည့်အဖေ့ကိုမစောင့်ရှောက်ချင်နေပါ မပြစ်မှားလိုက်ပါနဲ့။
ဒုက္ခိတဖြစ်နေသောအဖေသည်ပင် ရွှေဘုံပေါ်တွင်နေသည့်သားသမီးကိုဖေးမလိုစိတ်ရှိနေဆဲဖြစ်သည်။
သားသမီးဇောဖြင့်ပြစ်ဒဏ်ကျသူထဲတွင် အဖေသည်ထိပ်ဆုံးကပါနေတတ်သည်။
ယောင်္ကျားတို့မျက်ရည်ကျခဲသော်လည်းသားသမီးအတွက်ကျသွားသောအဖေ့မျက်ရည်သည်မချိလွန်းသည့်သောက

မျက်ရည်ပူသာဖြစ်လိမ့်မည်။
No comments:
Post a Comment