အမေ
သားသမီးက အပိရိဆုံးလိမ်ညာနေသော်လည်း မသိဟန်ဆောင်နေသူသည် အမေ ဖြစ်သည်။
အဝေးတစ်နေရာမှာ ဒါမဟုတ် မျက်ကွယ်မှာနေကြတဲ့ သားသမီးတွေရဲ့ဆိုးကောင်းနှစ်တန် နိမိတ်ကိုကြိုသိနေသူသည် အမေ ဖြစ်သည်။
'အမေ' ဖြစ်ကြည့်လိုက်ပါ သားသမီးတွေရဲ့ ဆိုးကျိုး - ကောင်းကျိုးကို အလိုလို ကြိုသိနေသည့်ပါရမီရှင် ဖြစ်လာပေလိမ့်မည်။
ရက်ရက်စက်စက်ပြုမှုလိမ်ညာနေသည့်သားသမီးကိုသိလျက်နှင့် ပီတိပြုံး ပြုံးပြီးနေသူသည် အမေ ဖြစ်သည်။
သတ္တလောကတွင် သားသမီးများအတွက်သတ္တိအရှိဆုံးလူသည် အမေမှတစ်ပါး အခြားမရှိ။
အသက်ပေး၍သားသမီးအကျိုးရှိမည်ဟုဆိုလျှင် အသက်ပေးရန်ပထမဆုံးထွက်လာသူမှာ အမေ ဖြစ်လိမ့်မည်။
သားသမီး ရဲ့ ကောင်းဆိုးနိမိတ် ကြိုသိနေတာသားသမီးနဲ့ နှလုံးသွေးဆက်နေတဲ့ အမေပါ။
အဂါင်္မစုံသည့်သားသမီး စီးပွားဥစ္စာမပြည့်စုံသည့်သားသမီးကိုနှစ်နှစ်ကာကာ စူးစူးနစ်နစ်ပိုချစ်ပေးတတ်သူသည် အမေ ဖြစ်သည်။
သားသမီး အသက်ရှင်ရေးအတွက် လူမသေဘူးသောအိမ်မှ မုံညှင်းဆီရှာသူသည် အမေ ဖြစ်သည်။
ဒုက္ခိတဖြစ်နေသော အမေသည်ပင် ရွှေဘုံပေါ်တွင်နေသည့်သားသမီးအတွက် ကျန်းမာချမ်းသားစေဖို့ မေတ္တာပို့နေဆဲဖြစ်သည်။
သားသမီးဇောဖြင့်ရှုးခဲ့သူသည် အမေ (မပဋာ) ဖြစ်သည်။
မိမိကြောင့်ကျုသွားသောအမေ့မျက်ရည်သည် မျက်ရည်ပူသာဖြစ်လိမ့်မည်။
ကိုယ့်ရင်သွေးကို နို့တိုက်လိုတဲ့အမေ ၊ ကိုယ့်ရင်သွေးက နို့ဆာနေတဲ့အချိန်မျိုးမှာ
အမေ့နို့ရည်ရွှဲရွှဲစိုအောင်သောက်နေတာဟာ အမေ့နဲ့ရင်သွေး နှလုံးသွေးဆက်နေတဲ့သက်သေပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment